#
Mg Yan Kyaw မှနွေးထွေးစွာ ကြိုဆိုပါ၏ ~

အစိမ်းစားမှာလား ၊ အကျက်စားမှာလား



ကျွန်တော်တို့မြန်မာ လူမျိုးများသည် အများအားဖြစ် အသီးအပွင့်များကို အစိမ်းစားခြင်း အလေအကျင့်မရှိကြပေ။ တကယ်တော့ တစ်ချို့သော အသီးအရွက်အပွင့်များကို အစိမ်းစားခြင်းသည် ကျွန်တော်တို့၏ ခန္ဒာကိုယ်ရှိ အပူအပုတ်များ ကိုစင်ကြယ်စေပြီး အသားရေးများကို လှပအေးစက်စေပါသည်။
အသီးအပွင့်အရွက်စိမ်းများသည် နှလုံးသားရှိဆီများနှင့် သွေးကြောတွေရှိ ဆီများ
ကို တဖြည်းဖြည်း ပျောက်ကင်းစေပြီး ဝမှာကိုကြောက်နေကြသောသူများအတွက်
ရော ဝနေ၍ ပိန်ချင်နေကြသော သူတွေအတွက်ပါ ဆင်ပြေစေပါသည်။ တချို့သော
သူများသည် ခရမ်းချဉ်သီးကို အစိမ်းမကြိုက်ကြပေ။ ဒါပေမဲ့ လွယ်ပါသည် ခရမ်းချဉ်
သီးကို အဖျော်ရည် အဖြင့် သောက်သုံးနိုင်ပါသည်။
နောက်ပြီး တချို့သောလူများသည် ခန္ဒာကိုယ်တွေ သိပ်ပြီးပူကြသည် ။ ဒီလိုကိုယ်ပူနေသော လူများသည် ခရမ်းချဉ်သီး ၊ မုံလာဥနီ ၊
ဂေါ်ဖီထုပ် ၊ မုံလာပန်း ၊ သခွားသီး ၊ ဆလပ်ရွက် စသည်များကို အတိုးလိုက်လှီးပြီး မိမိ စားနိုင်မည့် အနေထားနှင့် ဆား ၊ သံပုရာရည် အနည်းငယ်နှင့် ဆီ အနည်းငယ် ထည့်၍ သုပ်ပြီး ပုံမှန်စား ခြင်းဖြင့် လျှင်မြန်စွာ အေးဓါတ်ကိုရစေနိုင်ပါသည်။